ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် ခက်ခဲတဲ့အလုပ်ကို အချိန်ပြည့်
ကြိုးစားအားထုတ်ပြီး လုပ်နေတဲ့သူဟာ ဂုဏ်သက္ခာရှိတယ်။ကိုယ့်မှာ
အရည်အချင်းရှိသလောက် အစွမ်းကုန်မကြိုးစားပဲ သက်သာအောင် နေတဲ့သူဟာ
ဂုဏ်သိက္ခာမဲ့တဲ့ဘ၀ကို နေတာ။သူ့ကို လွှမ်းမိုးဖို့ ကြိုးစားတာနဲ့
ကိုယ့်တည်ကြည်မှု ကျသွားတော့တာပဲ။ သူတစ်ပါးရဲ့ စိတ်တည်ကြည်မှု
ကျသွားအောင်လုပ်ရင် ကိုယ့်စိတ် တည်ကြည်မှုလည်း ကျသွားတာပဲ။ သူများကို
မလေးစားတဲ့စိတ်ဟာ တည်ကြည်မှု၊ လေးနက်မှု မရှိနိုင်ဘူး။ လူမှာ
တန်ဖိုးအရှိဆုံးဟာ စိတ်ရဲ့အရည်အသွေးပဲ။ကိုယ်က သူ့ကိုကြောက်သွားရင်
ကိုယ့်စိတ်ရဲ့အရည်အသွေး ကျသွားတယ်။ ကိုယ်က သူ့ကို အနိုင်ယူချင်တယ်၊
ကိုယ့်ကိုကြောက်သွားအောင် လုပ်ချင်တယ် ဆိုရင်လည်း ကိုယ့်စိတ်အရည်အသွေး
ကျသွားတာပါပဲ။ကိုယ့်ကို သူများကြောက်နေတာကို မလိုချင်ဘူး။
ကြောက်နေတဲ့စိတ်မှာ dignity မရှိဘူး။ တည်ကြည်မှု၊ ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ
မရှိဘူး။ ကြောက်အောင်လုပ်နေတဲ့စိတ်မှာကော dignity ရိသလား။ တည်ကြည်မှု၊
ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ ရှိသလား၊ မရှိဖူးနော်။ သူများကို ကြောက်အောင်
ခြောက်နေတဲ့သူမှာ dignity မရှိဘူး။ကိုယ့်အနားရောက်လာတဲ့ လူတွေကိုလည်း
သူတို့စိတ်ထဲမှာ အေးချမ်းစေချင်တယ်။ ဣနြေ္ဒရရ သိက္ခာရှိရှိ နေစေချင်တယ်။
မေတ္တာ အပြန်အလှန်ရှိစေချင်တယ်။ ကိုယ့်မှာ အေးချမ်းမှု ရှိမှသာ ဒါတွေကို
တန်ဖိုးထားတတ်လာတယ်။ အသိအမှတ် ပြုတတ်လာတယ်။ ကိုယ့်မှာ အေးချမ်းမှု မရှိရင်
ဒါတွေကို တန်ဖိုးမထားနိုင်ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ ကိုယ့်ရဲ့
တည်ကြည်မှု၊ ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ ရှိမှု၊ ကြောက်ခြင်း စိုးရိမ်ခြင်း
ကင်းမှုကို တန်ဖိုးထားမှ၊ ကိုယ့်မှာ အဲဒီလို ဣနြေ္ဒသိက္ခာရှိမှ
သူတစ်ပါးကိုလည်း ကိုယ့်လိုပဲ ဣနြေ္ဒသိက္ခာ dignity ရှိစေချင်တယ်။ ဣနြေ္ဒမဲ့တာ
သိက္ခာမဲ့တာ မဖြစ်စေချင်ဘူး။ ခွေးတို့ ကြောင်တို့ စတဲ့
တိရစ္ဆာန်တွေကိုတောင်မှ သူတို့ဟာသူတို့ ဣနြေ္ဒရရနေစေချင်တယ်။ ကြောက်လန့်ပြီး
မနေစေချင်ဘူး။ဂုဏ်သိက္ခာတကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့်ညားမှု တကယ်ရှိတဲ့သူဟာ
ဘယ်သူနဲ့မှ မငြင်းဘူး၊ ရန်မဖြစ်ဘူး၊ ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်း
တိတိကျကျပဲ ပြောတယ်။ သူတစ်ပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့
သူတစ်ပါးသိက္ခာကျအောင် ပုတ်ခက်တဲ့စကားမျိုးကို မပြောဘူး။ သူများ သိက္ခာကျမှ
ကိုယ့်မှာ ဂုဏ်ရှိတယ်လို့ မယူဆဘူး။ငွေဟာ လူတွေရဲ့စိတ်ထဲမှာ အချိန်အများဆုံး
ယူထားတဲ့အရာ ဖြစ်နေတယ်။ သားသမီးနဲ့မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွင်း ဆက်ဆံရေး၊
မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတစ်ခု
ဖြစ်နေတယ်။ လူတွေကို အများဆုံးလွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်၊
ငွေခိုင်းတာ လုပ်နေကြရတယ်။ငွေကို အဓိကထားပြီး ဆက်ဆံတဲ့ ဆက်ဆံရေးဟာ
လူ့တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊ လူ့ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေး
ဖြစ်တယ်။ ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒသိက္ခာ
မရှိဘူး။သူ့ဘ၀ကို ငွေနဲ့ မတိုင်းတာဘူး၊ သူ့ဘ၀ကို ငွေနဲ့ မရောင်းဘူး၊
ဒါကြောင့် သူဟာ သိက္ခာရှိရှိ နေနိုင်တဲ့သူဖြစ်တယ်။ဝေဖန်တာခံရတိုင်း
ဒေါသဖြစ်တာဟာ မခိုင်မာတဲ့ သဘောဖြစ်တယ်။ ချီးမွမ်းတိုင်း ၀မ်းသာတတ်တဲ့သူ၊
ကဲ့ရဲ့တိုင်း စိတ်ဆိုးတတ်တဲ့သူဟာ စိတ်မခိုင်တဲ့ သူဖြစ်တယ်။ ဣနြေ္ဒမရဘူး၊
dignity မရှိဘူး။ချီးမွမ်းတာခံရလည်း တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့သူဟာ
ဣနြေ္ဒရတယ်၊ သိက္ခာရှိတယ်။ dignity ရှိတယ်။မြန်မာပြည်က ဒကာ ဒကာမတွေ၊ လူငယ်တွေ
ဣနြေ္ဒသိက္ခာရှိရှိ ခန့်ခန့်ညားညား အ၀တ်အစားကို ၀တ်စေချင်လိုက်တာ။ အ၀တ်အစား
ခန့်ခန့်ညားညား ၀တ်တတ်ရင်ပဲ အဲဒီလူမျိုးဟာ အဆင့်အတန်း
မြင့်လာမယ်။လူ့အသိုင်းအ၀ိုင်းမှာနေတာ၊ လူတွေကြားထဲမှာ နေတာ။ ဒါကြောင့်
ပတ်ဝန်းကျင်ကို လေးစားရမယ်။ ကိုယ့်ကိုယ်ကိုလည်း လေးစားရမယ်။ ကိုယ့်ကိုယ်ကို
လေးစားရင် သပ်သပ်ရပ်ရပ် ၀တ်ရမယ်။ ဒါမှလည်း သူများရဲ့ လေးစားမှုကို ရမယ်။
ငါ့ဟာငါ ၀တ်ချင်လို့ ၀တ်တာပဲလို့ ပြောလို့မရဘူး။ ငါ့ဟာငါ ၀တ်ချင်သလို
ဝတ်မယ်ဆိုရင် ဘယ်မှာ သွားနေရင် ကောင်းမလဲ။ လူမရှိတဲ့နေရာမှာ သွားနေ၊
တောထဲမှာ သွားနေနော်။ လူကြားထဲမှာ နေတယ်၊ ဒါကြောင့် သူများကို လေးစားရင်
ငါဣနြေ္ဒသိက္ခာရှိအောင် ၀တ်ရမယ်။လောကကို လေးစားခြင်းဆိုတာ အဆင့်အတန်း
မြင့်တဲ့သူတိုင်း ကျင့်သုံးရမယ့် ကျင့်ဝတ်တစ်မျိုး ဖြစ်ပါတယ်။ ပါဋ္ဌိလို"
လောကဂရု " လို့ခေါ်တယ်။လူတိုင်း ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်ရဲ့ ဂုဏ်ကျက်သရေကို
ထိန်းသိမ်းနိုင်တဲ့လူ ဖြစ်မှ ဒီလူမျိုးက အဆင့်အတန်း မြင့်လာမယ်။ ဒီနိုင်ငံ
တိုးတက်မယ်။
ဆရာတော်
ဦးဇောတိက
No comments:
Post a Comment