ဝိုင်းစက်စက်လတစင်း
ကျနော့်ကိုယ်ကျနော်
ဘာကောင်မှန်းမသိအောင်ဖမ်းစား၊
ခပ်သော့သော့
လေညှင်း
လတ်ဆက်တဲ့
ရနံ့သင်းသင်းနဲ့
ကျနော့်ကို
အရည်ပျော်အောင်ပြုစား၊
ညငှက်တကောင်ရဲ့အော်မြည်သံ
ကျနော်လွမ်းဆွတ်မှုတွေကို
အစာချေပြန်၊
လာကကြီးရေ
ဥာဏ်များမှုနတ္ထိ
ခံစားမှုအတိနဲ့ကျနော်
မုသားတွေပြည့်လျှံနေတဲ့ကမ္ဘာမှာ
ဒုက္ခတွေကို
ကျောပိုး
ကျနော်ကိုယ်ကျနော်နားချရတာလောက်
ခက်ခဲတဲ့အလုပ်
ဒီကမ္ဘာမှာ ရှိမယ်မထင်ဘူး...။
ချိုခ
Thursday, October 13, 2011
Monday, October 3, 2011
ငါးကလေး
သူမဖြတ်လျှောက်နေကျ လမ်းကလေး၏ ညာဘက်အခြမ်းတွင် ရေအိုင်လေးတခု။ ထို့နေ့က သူမ ဘာရယ်မဟုတ်
ထိုရေအိုင်လေးအား ခေတ္တခဏ ရပ်ကာငေးမောကြည့်မိစဉ် ရေကြည်ကြည်လေးထဲတွင် ကူးခတ်ပြီး
အထီးကျန်နေသည့် ငါးကလေးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သူမ စားနေကျ
ထမင်းခွက်ကြော်လေးများအား ဖဲ့လျက်ရေအိုင်လေးထဲ ထည့်ပေးဖြစ်တော့ ငါးကလေး က
သူမအားမော့ကြည့်လျက် သူမကျွေးသည့် ငါးစာများကို ရေယှက်လေးတဖျပ်ဖျပ်ခတ်လျက်
စားသောက်နေသည်အားတွေ့ရ၏။ ထိုနေ့မှစပြီး သူမ ထိုရေအိုင်လေးအနားသို့ အသွားတခါ
အပြန်တခါ ငါးစားလေးများချကျွေးခဲ့ပြီး ငါးကလေးနဲ့ နှောင်ဖွဲ့မှုသံယောဇဉ်ဇာတ်လမ်းေ လးတပုဒ်သည်လည်း
သူမဘက်မှစတင်ပြီး တိုးလို့ချည်နှောင်လျက်။ သူမဘက်က နှောင်ဖွဲ့မှုအား ငါးကလေးသည်
သိလိမ့်မည်ပင် မဟုတ်ပါ။
သူမ ဘက်မှာ ငါးကလေးအပေါ်နှောင်ဖွဲ့မှုဆိုသည် မှာ ငါးကလေးအား လွတ်လပ်စွာကူးခတ်နေခြင်းအား
လိုလားခြင်းဖြစ်ပြီး တစုံတရာ ထိခိုက်ဒဏ်ရာရခြင်းမဖြစ်အောင် ကာကွယ်ပေးလျက်
သူပျော်ရွှင်သည့် ရေအောက်ကမ္ဘာတွင် သက်ဆုံးတိုင် နေသွားစေချင်သည့် ဆန္ဒတစုံမှ လွဲပြီး
အခြား ဘာရွယ်ရွယ်ချက်မှ ရှိမနေခဲ့ဘူးဆိုတာ သူမကိုယ်တိုင်ပင် သိပါသည်။ ထို့အပြင်
သူမထက် ပိုပြီး ငါးစာကျွေးနိုင်မည့် သူရှိလာခဲ့လျှင်လည်း သူမဘက်မှ ငါးကလေးအား
ထိုသူ့ထံအပ်ကာ ပေးခဲ့မှာလည်း သေချာခဲ့ပါသည်။ ထိုသည်မှာလည်း ငါးကလေးအား သံယောဇဉ်မရှိလို့
မဟုတ်ပါ။ ငါးကလေး ဒီထက်ပိုပြီး အစားကောင်းကောင်းစားရပြီး
ငါးကလေးပျော်ရွှင်စေလိုသည့် ရည်ရွယ်ချက်ကြောင့် သူမဘေးသို့အသာရှောင်ဖယ်ကာ
ပေးလိုက်ခြင်းမျှသာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ငါးကလေးရဲ့ပျော်ရွှင်မှုနဲ့ရှေ့ေ ရးအတွက်
သူမ စွန့်လွတ်ရပါမည်။
ငါးကလေးနှင့်ရင်းနှီးမှုသံယောဇဉ် တစ်နှစ်အတွင်း ငါးကလေးသည် သူမကျွေးသည့် ထမင်းခွက်ကြော်လေးများကိုသာ အာသာငမ်းငမ်းစားသုံးခဲ့ပြီး သူမပြောပြသည့် ဘာသာစကားများကို နားလည်သည့်အသွင်ဖြင့် သူမရဲ့ စကားလုံးတိုင်းအပေါ် သာယာနစ်မွန်းနေသည့် သဏ္ဍာန်လေးအပြည့်ဖြင့် အမြဲပျော်ဝင်နေခဲ့ပါသည်။ သူမတို့ရဲ့ ရင်းနှီးမှုသက်တမ်း တစ်နှစ်နဲ့ ငါးဆယ့်နှစ်ရက်တိတိ မနက်ပိုင်းတွင် ငါးကလေးရဲ့ ရေအိုင်လေးဘေးတွင် ငါးမျှားချိတ်လေးဖြင့် ငါးမျှားနေသည့် ရောင်စုံကောင်မလေးတစ်ယောက်အား အမှတ်မထင် တွေ့လိုက်ရတော့ သူမအံအားသင့်လျက် ရေအိုင်လေးရဲ့ခပ်လှမ်းလှမ်းကလေး ကနေ ကြည့်နေမိသည်။
ဖြစ်နိုင်လျင်ဖြင့် သူမ ထိုကောင်မလေးအား တွန်းဖယ်လျက်
အဝေးသို့ပို့ပစ်ချင်ခဲ့ပါတယ်။ ငါးမျှားတံလေးနဲ့ သူမ ပြန်သွားတော့မှ သူမ
ငါးကလေးရှိသည့် ရေအိုင်အနားသို့ချဉ်ကပ်မိသည်။ ငါးကလေးသည် သူမကျွေးသည့်
ထမင်းခွက်လေးများကို ဥပက္ခာပြုလျက် သူမထိုင်နေသည့် ဘက်သို့လှည့်ပင်မကြည့်ခဲ့ပါ။
သူမ၀မ်းနည်းစွားပြုံးလျက် ငါးကလေးရဲ့ ကျရောက်လာနိုင်သည့် အန္တရာယ်များကို
တတွတ်တွတ်ပြောပြခဲ့ပြီး လေးလံသောခြေလှမ်းတို့ဖြင့် ပြန်လာခဲ့သည်။ ထိုနေ့မှ စပြီး
ငါးကလေးသည် သူမအား ဘယ်သောအခါကမျှ သိခဲ့ဖူးခြင်းမရှိသည့်ပုံသဏ္ဍာန် မျိုးဖြင့် သူစိမ်းဆန်ဆန်ပြုမှုလျက်
ငါးမျှားချိတ်လေးမှ အစာများကိုသာ အငမ်းမရစားလျက်သူမကို ကျောခိုင်းခဲ့ပါသည်။
သူမတော့ ငါးကလေးအား ပုံမှန်လုပ်နေကြအတိုင်း အသွားတခါ အပြန်တခါ
ထမင်းခွက်ကြော်လေးများ အကျွေးမပျက်ခဲ့ပါ။ ငါးကလေးက ဥပက္ခာပြု
ကျောခိုင်းနိုင်ခဲ့ပေမဲ့ သူမ ငါးကလေးအနားမှ မစွန့်ခွာနိုင်ခဲ့ပါ။
တစ်နှစ်နှင့်သုံးလ တိတိပြည့်သည့်နေ့ညနေပိုင်းတွင် ငါးကလေးရှိရာ ရေအိုင်သို့ သူမ ညဘက် ဆယ့်တစ်နာရီ ဆယ့်တစ်မိနစ်ခန့်တွင် ရောက်ရှိသွားခဲ့ပါသည်။ ထိုအချိန်တွင် ငါးကလေးမှ သူများအား စောင့်မျှော်နေခဲ့ပုံရပါသည်။ ထို့နောက် ငါးကလေးက သူမအားတောင်းဆိုသည်မှာ ရောင်စုံကောင်မလေးသူ့အား ကျွေးသည့်ပုံစံမျိုး ငါးမျှားချိတ်နဲ့အစားကိုချပေးဖို့ပင်ဖြစ်ပါသည်။
သူမခေါင်းရမ်းငြင်းဆန်လျက်
'' ကျမအဲလိုမလုပ်နိုင်ပါဘူး ငါးကလေးရယ် မတော်တဆ ငါးမျှားချိတ်လေးမှာများ မိသွားခဲ့လျင် ငါးကလေးပဲနာကျင်ရမှာလေ” ငါးကလေးသည် သူမအား ဒေါသအပြည့်ဖြင့် စိမ်းကားသည့်မျက်ဝန်းများမှ တဆင့်တုန့်ပြန်သည်မှာ
'' အရင်တုန်းက မင်းက ငါ့ကို ထမင်းခွက်ကြော်တွေပဲ ကျွေးခဲ့လို့ ငါးမျှားချိတ်က တီကောင်ရဲ့အရသာကိုမသိခဲ့ဘူး ... ခုအဲ့အရသာကို သိလို့ မင်းဆီကတောင်းဆိုတာ မင်းက မပေးနိုင်ဖူးဆိုတော့ ငါ့ကိုလိုလိုချင်ချင်ပေးနေသည့် သူဆီက အစာကို ငါလက်ခံရတော့မယ်... ကျေးဇူးပြုပြီး မင်းငါ့ရဲ့ ရေအိုင်ဘေးကထွက်ခွာပေးပါ...နော က်ဘယ်တော့မှ ငါ့ကိုလာမကြည့်ပါနဲ့ လာကြည့်ခဲ့ရင်လည်း
မင်းပဲ ၀မ်းနည်းရလိမ့်မယ် '' ဆိုသည့် မျက်ဝန်းစကားတချို့ကို
သူမလက်ခံရရှိလိုက်ပါသည်။ သူမ မျက်ဝန်းမှ မျက်ရည်များကျဆင်းလျက် ခေါင်းကိုခါရမ်းကာ
... ''ကျမစေတနာကို ငါးကလေး အသိအမှတ်မပြုလည်း ကိစ္စမရှိပါဘူး ကျမကတော့
ကျမတက်နိုင်သမျှ ငါးမျှားချိတ်လေးမှာ ရှင့်ကို မမိအောင်ကာကွယ်နေမှာပါ…ငါးကလေး
ငါးမျှားချိတ်နဲ့တီကောင်တွေကို စိတ်ပျက်ညီးငွေ့သွားသည့်တနေ့ … ကျမရဲ့
ထမင်းခွက်ကြော်လေးတွေကို ပြန်လည်စားလိုသည့်နေ့ရှိခဲ့လျှ င်…ကျမဘက်က
အမြဲထာဝရရှိနေမှာပါဟု'' ဆိုလျက် ထိုနေရာလေးမှ ထွက်ခွာသွားခဲ့သည်။ ထိုနေ့မှ စပြီး
ငါးကလေးမသိအောင် သူမ တိတ်တဆိတ် ရေအိုင်နားသို့ တနေ့ နှစ်ကြိမ်ရောက်ခဲ့ပါသည်။ ထိုအကြောင်းအရာအား
ငါးကလေးလည်း သိမည်မဟုတ်ပေ။
ထိုနေ့သည် ငါးကလေးအား သူမ နောက်ဆုံးမြင်ရသည့်နေ့ကလေးဖြစ် ခဲ့ပါသည်။ ငါးမျှားချိတ်မှ
ငါးစာတုံးလေးကို လှမ်းဟပ်နေသည့် ငါးကလေးနဲ့ ငါးမျှားနေသည့်ရောင်စုံကောင်မေ လးရဲ့
ရယ်သံသဲ့သဲ့။ သူမနောက်သို့လှည့်ကာ သူတို့ရယ်သံများနှင့်ဝေးရာသို့
ကျောခိုင်းခဲ့ပါသည်။ နောက်နေ့မနက်တွင်မတော့ ထိုရေအိုင် ကြည်ကြည်လေးထဲတွင်
ရေများနောက်ကျိလျက် ငါးကလေးအားဘယ်သောအခါမှ သူမ မတွေ့ရတော့ပေ။ ငါးကလေးကို
မတွေ့ရတော့ပေမဲ့ … သူမ စားသုံးသည့် ထမင်းခွက်ကြော်လေးများအား သူမနဲ့အတူ
အာသာငမ်းငမ်းစားသုံးခဲ့ဖူးသည့် ငါးကလေးအား သူမဘယ်သောအခါမှ
မေ့သွားလိမ့်မည်မဟုတ်ပေ……။ ။
ချိုခ
သူမ ဘက်မှာ ငါးကလေးအပေါ်နှောင်ဖွဲ့မှုဆိုသည်
ငါးကလေးနှင့်ရင်းနှီးမှုသံယောဇဉ် တစ်နှစ်အတွင်း ငါးကလေးသည် သူမကျွေးသည့် ထမင်းခွက်ကြော်လေးများကိုသာ အာသာငမ်းငမ်းစားသုံးခဲ့ပြီး သူမပြောပြသည့် ဘာသာစကားများကို နားလည်သည့်အသွင်ဖြင့် သူမရဲ့ စကားလုံးတိုင်းအပေါ် သာယာနစ်မွန်းနေသည့် သဏ္ဍာန်လေးအပြည့်ဖြင့် အမြဲပျော်ဝင်နေခဲ့ပါသည်။ သူမတို့ရဲ့ ရင်းနှီးမှုသက်တမ်း တစ်နှစ်နဲ့ ငါးဆယ့်နှစ်ရက်တိတိ မနက်ပိုင်းတွင် ငါးကလေးရဲ့ ရေအိုင်လေးဘေးတွင် ငါးမျှားချိတ်လေးဖြင့် ငါးမျှားနေသည့် ရောင်စုံကောင်မလေးတစ်ယောက်အား အမှတ်မထင် တွေ့လိုက်ရတော့ သူမအံအားသင့်လျက် ရေအိုင်လေးရဲ့ခပ်လှမ်းလှမ်းကလေး
တစ်နှစ်နှင့်သုံးလ တိတိပြည့်သည့်နေ့ညနေပိုင်းတွင် ငါးကလေးရှိရာ ရေအိုင်သို့ သူမ ညဘက် ဆယ့်တစ်နာရီ ဆယ့်တစ်မိနစ်ခန့်တွင် ရောက်ရှိသွားခဲ့ပါသည်။ ထိုအချိန်တွင် ငါးကလေးမှ သူများအား စောင့်မျှော်နေခဲ့ပုံရပါသည်။ ထို့နောက် ငါးကလေးက သူမအားတောင်းဆိုသည်မှာ ရောင်စုံကောင်မလေးသူ့အား ကျွေးသည့်ပုံစံမျိုး ငါးမျှားချိတ်နဲ့အစားကိုချပေးဖိ
'' ကျမအဲလိုမလုပ်နိုင်ပါဘူး ငါးကလေးရယ် မတော်တဆ ငါးမျှားချိတ်လေးမှာများ မိသွားခဲ့လျင် ငါးကလေးပဲနာကျင်ရမှာလေ” ငါးကလေးသည် သူမအား ဒေါသအပြည့်ဖြင့် စိမ်းကားသည့်မျက်ဝန်းများမှ တဆင့်တုန့်ပြန်သည်မှာ
'' အရင်တုန်းက မင်းက ငါ့ကို ထမင်းခွက်ကြော်တွေပဲ ကျွေးခဲ့လို့ ငါးမျှားချိတ်က တီကောင်ရဲ့အရသာကိုမသိခဲ့ဘူး ... ခုအဲ့အရသာကို သိလို့ မင်းဆီကတောင်းဆိုတာ မင်းက မပေးနိုင်ဖူးဆိုတော့ ငါ့ကိုလိုလိုချင်ချင်ပေးနေသည့် သူဆီက အစာကို ငါလက်ခံရတော့မယ်... ကျေးဇူးပြုပြီး မင်းငါ့ရဲ့ ရေအိုင်ဘေးကထွက်ခွာပေးပါ...နော
ထိုနေ့သည် ငါးကလေးအား သူမ နောက်ဆုံးမြင်ရသည့်နေ့ကလေးဖြစ်
ချိုခ
Subscribe to:
Posts (Atom)