ဝိုင်းစက်စက်လတစင်း
ကျနော့်ကိုယ်ကျနော်
ဘာကောင်မှန်းမသိအောင်ဖမ်းစား၊
ခပ်သော့သော့
လေညှင်း
လတ်ဆက်တဲ့
ရနံ့သင်းသင်းနဲ့
ကျနော့်ကို
အရည်ပျော်အောင်ပြုစား၊
ညငှက်တကောင်ရဲ့အော်မြည်သံ
ကျနော်လွမ်းဆွတ်မှုတွေကို
အစာချေပြန်၊
လာကကြီးရေ
ဥာဏ်များမှုနတ္ထိ
ခံစားမှုအတိနဲ့ကျနော်
မုသားတွေပြည့်လျှံနေတဲ့ကမ္ဘာမှာ
ဒုက္ခတွေကို
ကျောပိုး
ကျနော်ကိုယ်ကျနော်နားချရတာလောက်
ခက်ခဲတဲ့အလုပ်
ဒီကမ္ဘာမှာ ရှိမယ်မထင်ဘူး...။
ချိုခ
No comments:
Post a Comment