ဖြစ်_ပျက်

ဖြစ်ပြီးရင် ပျက်သွားတယ်
ဒါဟာ သဘာဝတဲ့

ပျော်ရွှင်မှု
ဖြစ်လာတာကို
ငါမခံစားမိပေမယ့်
ပျက်သွားတာကိုတော့ မိမိရရ ဆုပ်ကိုင်မိခဲ့တယ်။

အချစ်တဲ့
ဖြစ်တည်သွားတာ
ငါမခံစားမိပေမယ့်
ပျက်စီးသွားတာကိုတော့ မိမိရရ ဆုပ်ကိုင်မိခဲ့တယ်။

နှောင်ဖွဲ့မှု
ဖွဲ့နှောင်ခံလိုက်ရတာကို
ငါမသိလိုက်ပေမယ့်
နှောင်ကြိုးတွေ ပြတ်ထွက်သွားတာကိုတော့ နာကျင်စွာခံစားလိုက်ရတယ်။


ကြေကွဲမှု
ဖြစ်တည်ကတည်းက
သိနေခဲ့တယ်။
ဖြစ်ပြီးရင် ပျက်တယ်လို့ပြောကြပေမယ့်…

ငါ့ ခန္ဓာရဲ့နက်ရှိုင်းနေရာ
ပျက်ပြယ်ခြင်းကင်းမဲ့
တည်မြဲခြင်းတွေနဲ့ခိုင်ခံ့နေတာ

ငါကိုယ်တိုင်ပဲ သိနေခဲ့...
ချိုခ