“အမ၊ ထမင်းဖိုးလေးပေးပါဦး။ သမီးဗိုက်ဆာနေလို့ပါ“ ကျနော့်ရဲ့
ဘေးလွယ်အိတ်ကို လာဆွဲပြီး ထမင်းဖိုးတောင်းနေသည့် ကောင်မလေးကို ကြည့်ပြီး
တော်တော်လေးစိတ်မကောင်းဖြစ်သွားမိ၏။ အသားဖြူဖြူ
မျက်နှာဝိုင်းဝိုင်းလေးပေါ်တွင် ဂျီးများပေကျံကာ
သူမရဲ့လက်သည်းတွေကြားထဲတွင်လည်း မဲမဲတူးတူးလေး။ သူမရဲ့အသက်သည် ၁၀
နှစ်ဝန်းကျင်လောက်ရှိမည်ထင်သည်။ “ညီမလေး ထမင်းမစားရသေးဘူးလား“
“မစားရသေးဘူး အမ“ “လာ ညီမလေး အမ ထမင်းလိုက်ကျွေးမယ်။ လိုက်ခဲ့နော်“
ကျနော်လည်း ထမင်းဆိုင်တစ်ဆိုင်ကို သူ့ကို ခေါ်သွားပြီး
သူစားချင်သည့်ဟင်းများကို မှာယူပြီး ကျွေးလိုက်၏။ သူ အားပါးတရစားနေသည်မှာ
တကယ့်ကို ပီတိဖြစ်စရာပင်။ “ညီမလေး ကဘယ်မှာနေတာလဲ“ “ဒဂုံမှာနေတာ အမ“
“ညီမလေးမှာ အမေရှိလား“ “ရှိတယ် အမ“ “ညီမလေးအမေက ဘာလုပ်လဲ“ “ဘာမှ
မလုပ်ဘူး အမ“ “ဟင် ဒါဆို ဘာနဲ့စားလဲ။ ဘာမှ မလုပ်ဘဲနဲ့“ “သမီး
တောင်းလို့ရတဲ့ ပိုက်ဆံတွေကို အမေ့ကို အကုန်ပြန်ပေးတယ် အမ။ သမီးပြန်သွားမှ
ဆိုင်မှာ ၀ယ်စားတယ်။ ထမင်းစားပြီးတော့ ဗွီဒီယို သွားကြည့်တယ်။
မနက်မိုးလင်းရင် သမီးကို ကားပေါ်လိုက်တင်ပေးတယ်“ “ ဟင် ဒါဆို ညီမလေးအမေက
သမီးကို တောင်းခိုင်းပြီး သူကျတော့ ဘာမှ မလုပ်ဘဲထိုင်စားတာပေါ့လေ ဟုတ်လား“
“ဟုတ်တယ်အမ“ “ညီမလေးရဲ့ တောင်းစားတာ မကောင်းဘူး...........
သူတောင်းစားလို့အပြောခံရတာလောက် ရှက်စရာကောင်းတာမရှိဘူး။ ခုငယ်သေးလို့
ညီမလေးက သိမှာမဟုတ်ဘူး............ ဟော့ဟိုက ကလေးမလေးကို ကြည့်စမ်း။
ညီမလေးနဲ့ ရွယ်တူလောက်နော်။ သူစံပယ်ပန်းလေးတွေ ရောင်းနေတယ်
တွေ့လား...........သူ့ကို သူတောင်းစားလို့ခေါ်ကြည့်ရင် သူအရမ်းစိတ်ဆိုးမှာ“
ကျနော် သူ့ကို ပြောပြတော့ သူ့မျက်နှာလေးသည် ပိုပြီး
ညှိုးနွမ်းသွား၏။ကျနော်လည်း သူမရဲ့ရှေ့တွင်ပင် စံပယ်ပန်းရောင်းသည့်
ကောင်မလေးကို ခေါ်ပြီး စံပယ်ပန်းဝယ်လိုက်၏။ ပြီးနောက် စံပယ်ပန်းသည်လေးအား
“
ညီမလေး ကျောင်းတက်လား“ “တက်တယ် မမ...........
သမီးဒီစံပယ်ပန်းတွေကုန်သွားရင် အိမ်ပြန်ရေချိုးပြီး ကျောင်းသွားတယ် မမ“
ကျနော်လည်း သူမလေးအားပြုံးပြပြီး စံပယ်ပန်းဖိုးပေးကာ ပိုသည့်ငွေကို
ပြန်မအန်းခိုင်းတော့ပါ။ ဒါကို စံပယ်ပန်းရောင်းသည့် ကောင်မလေးက လက်မခံပါ
ပိုသည့်ငွေမယူသည့်အတွက် စံပယ်ပန်းတွေ ထက်ပေးသွားခဲ့တယ်။ တောင်းစားသည့်
ကောင်မလေးကို ကျမလက်တွေ့ပြလိုက်ပြီး “ညီမလေး စံပယ်ပန်းရောင်းမလား
အမကူညီမယ်.......... မနက်မိုးလင်းတိုင်း
ညီမလေးဒီနေရာကနေစောင့်ပြီးနေနော်.......... မမတို့ဘေးခြံမှာ
စံပယ်ပန်းတွေဝယ်လာခဲ့ပေးမယ်..... ညီမလေး မမကို စံပယ်ပန်းဖိုး
ပေးစရာမလိုဘူးနော်“ “ဟုတ်ကဲ့ ရောင်းမယ် အမ“
“စံပယ်ပန်းရောင်းလို့ရတဲ့ပိုက်ဆံကို ညီမလေး အမေကို ပြန်ပေးနော်“ အဲဒီနေ့က
သူ့ကို ကျနော် အိမ်သို့ခေါ်ကာ ရေချိုးပြီး သူမတစ်ကိုယ်လုံးကို
သန့်ရှင်းရေးလုပ်ပေးပြီး ကျနော်ငယ်ငယ်က၀တ်သည့် အ၀တ်အစားတွေပေး၊ ထိုနေ့အတွက်
သူ့ အမေကို ပြန်ပေးဖို့အတွက် ပိုက်ဆံအနည်းငယ်ပေးလိုက်ကာ သူပြန်မည့်
ဒဂုံမြို့သစ်ကားပေါ်လိုက် ပို့ပေးခဲ့၏။ နောက်နေ့တွင် ဘေးကပ်လျက်ခြံမှ
အန်တီကြီးထံမှ စံပယ်ပန်းကုံးများဝယ်ကာ မနေ့က တွေ့သည့်ကောင်မလေးအတွက် ကျမ
ပြင်ဆင်ပြီး သူ့ကို စောင့်နေလိုက်၏။ သိပ်မကြာလိုက်ပါ။ သူသည်
သနပ်ခါးဖွေးဖွေးလေးလိမ်းကျံကာ ရောက်ရှိလာခဲ့သည်။မနေ့က ကျနော်စတွေ့ကာစလို
ညစ်ပေမနေတော့ပေ။ သူ့လက်ထဲကို စံပယ်ပန်းကုံးများထည့်က
ကျနော်ရပ်ကြည့်နေလိုက်သည်။ သိပ်မကြာခင်မှာဘဲ သူ့လက်ထဲမှ စံပယ်ပန်းကုံးများ
ကုန်သွား၏။သူ့ပိုက်ဆံကို ရေကြည့်လိုက်တော့ ၁၃၀၀ ကျပ်တိတိ ရှိသည်။
သူ့မျက်နှာတွင်လည်း အပြုံးလန်းလန်းလေးဖြင့်။ ကျနော်လည်း သူ့ကို
တောင်းမစားဖို့ တတွတ်တွက် နားဝင်အောင်ပြောရ၏။ ကျနော် သူ့ကို
ထိုကဲ့သို့စောင့်ကြည့်ပြီးတစ်ပတ်လောက်အကြာတွင် ကျနော့်ရဲ့
ကျောင်းကိစ္စဖြင့်အလုပ်ရှုပ်သည့်အတွက် စောင့်မကြည့်ဖြစ်တော့ပါ။
တစ်နေ့ကျောင်းက အပြန် ကျနော်စီးလာသည့် ကားသည် မီးပွိုင့်တွင် မိနေသည့်အတွက်
အပြင်ဘက်သို့ငေးအကြည့်တွင် ကျနော်ဒေါသထွက်ကာ တော်တော်လေး
ပေါက်ကွဲသွားရသည်။
အကြောင်းမှာ မီးပွိုင့်တွင်
လက်ကျန်စံပယ်ပန်းသုံးလေးကုံးကို ကိုင်ကာ ပိုက်ဆံလိုက်တောင်းနေသည့်
ပေပေတူးတူး သူ့မျက်နှာကို မြင်လိုက်ရသည့်အတွက်ဖြစ်သည်။
ချိုခ
No comments:
Post a Comment