နှလုံးသား အာခေါင်တွေ ခြောက်ကပ်လို့
မေတ္တာ ရေတစ်ပေါက်ကို အငမ်းမရတောင့်တပေမဲ့
သင်းကွဲ အထီးကျန်နေတဲ့ငါ
တွေးရင်း မျက်ရည်ပေါက်ပေါက်အကျမှာ …
နွေးထွေးတဲ့လက်တစ်စုံ
ငါ့မျက်ရည်ကို ဖွဖွ သုတ်ပြီး
မေတ္တာရေတစ်ခွက် ကမ်းပေးလို့
ငါတအံ့တသြနဲ့ ကြည့်လိုက်တယ်။
သြော်….ငါ့အရိပ်
လောကဓံ ရာသီဆိုးက ဘယ်လောက်အေးအေး
ငါ့ကိုယ်ပေါ် ငါဂွမ်းကပ်ထူထူခြုံပြီး
ငါ့ကိုယ်ငါ နွေးထွေးမှုတွေပေး
ခဏနေတော့ ငါ့ဘေးမှာ ပုဆစ်တုတ်ထိုင်ချလိုက်တဲ့အလင်း
ငါ့ရင်ဘတ်ထဲ လင်းကျင်းသွားလိုက်တာ
သြော်…မိမိကိုယ်သာ ကိုးကွယ်ရာ။
ချိုခ
03 aug 2010
ကောင်းသည်။
ReplyDeleteကောင်းအိ။
ReplyDelete