လပြည့်မို့လို့ လကအစွမ်းကုန်သာပေးတာလား..
လက အစွမ်းကုန်သာလို့ လပြည့်လို့ ခေါ်တာလား..
ကျနော် တကယ်မသိဘူးအမေ..
အတူရှိနေတဲ့ စုံတွဲတွေက..
ပြည့်နေတဲ့ လရဲ့အလင်းအောက်မှာ..ချစ်တေးနှော
ဝေးကွာနေတဲ့ စုံတွဲတွေက..
ပြည့်နေတဲ့ လကြောင့် အလွမ်းတွေပို...
လူတွေရဲ့ဖြစ်အင်.. လသိနေပေမယ့်
အထီးကျန်လွန်းလို့... အစွမ်းကုန်သာနေတဲ့ လရဲ့ဖြစ်အင်
လူတွေ မသိကြဘူးအမေ..
အလွမ်းတွေပြည့်လျံ အထီးကျန်ဆန်ဆန်နဲ့
ပုံသဏ္ဍာန်အမျိုးမျိုး ဖန်ဆင်း
တခါတရံ ကိုယ်ထင်ပြလိုက်
တခါတရံလည်း ပျောက်သွားလိုက်နဲ့
သူ့အတွက် အဖော်လတစင်း
ဘယ်အရပ်မှာ ရှိမလဲဆိုတဲ့ အတွေးနဲ့
ဒီနေ့အထိ
စောင့်စားနေတယ်ဆိုတာ...ကျနော် မသိခဲ့တာ
အမှန်ပါအမေ..။
ချိုခ
လက အစွမ်းကုန်သာလို့ လပြည့်လို့ ခေါ်တာလား..
ကျနော် တကယ်မသိဘူးအမေ..
အတူရှိနေတဲ့ စုံတွဲတွေက..
ပြည့်နေတဲ့ လရဲ့အလင်းအောက်မှာ..ချစ်တေးနှော
ဝေးကွာနေတဲ့ စုံတွဲတွေက..
ပြည့်နေတဲ့ လကြောင့် အလွမ်းတွေပို...
လူတွေရဲ့ဖြစ်အင်.. လသိနေပေမယ့်
အထီးကျန်လွန်းလို့... အစွမ်းကုန်သာနေတဲ့ လရဲ့ဖြစ်အင်
လူတွေ မသိကြဘူးအမေ..
အလွမ်းတွေပြည့်လျံ အထီးကျန်ဆန်ဆန်နဲ့
ပုံသဏ္ဍာန်အမျိုးမျိုး ဖန်ဆင်း
တခါတရံ ကိုယ်ထင်ပြလိုက်
တခါတရံလည်း ပျောက်သွားလိုက်နဲ့
သူ့အတွက် အဖော်လတစင်း
ဘယ်အရပ်မှာ ရှိမလဲဆိုတဲ့ အတွေးနဲ့
ချိုခ